1 ဟာဇော်မင်းယာဘိန်သည်ဣသရေလ အမျိုးသားတို့၏စစ်အောင်ပွဲသတင်းကို ကြားရသောအခါ သူသည်မိမိနှင့်မဟာ မိတ်မင်းများဖြစ်ကြသောမာဒုန်မင်း ယောဗပ်၊ ရှိမြုန်မင်းနှင့်အာခရှပ်မင်းတို့ ထံသို့လည်းကောင်း၊-
2 မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။-
3 ထို့အပြင်သူသည်ယော်ဒန်မြစ်အရှေ့ ဘက်နှင့်အနောက်ဘက်တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ထံသို့လည်း အကြောင်းကြားလိုက်လေသည်။-
4 သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။-
5 ထိုမင်းတို့သည်စုပေါင်း၍ဣသရေလ အမျိုးသားတို့ကို တိုက်ခိုက်ရန်မေရုံ ချောင်းတွင်စခန်းချကြလေသည်။