ယော​ရှု 12:1-6 BCL

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တောင် ဘက်​အာ​နုန်​မြစ်​ဝှမ်း​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​အ​ထိ၊ အ​ရှေ့​ဘက်​နယ်​မြေ​နှင့်​ယော်​ဒန် မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​တိုက်​ခိုက်​သိမ်း ယူ​ခဲ့​ပြီး​ဖြစ်​သည်။-

2 သူ​တို့​သည်​မင်း​နှစ်​ပါး​ကို​နှိမ်​နင်း​ခဲ့​သည်။ မင်း​တစ်​ပါး​မှာ​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း​ရှိ​ဟုန်​ဖြစ်​သည်။ သူ​၏ နိုင်ငံ​တွင်(အာ​နုန်​မြစ်​ဝှမ်း​အ​နီး​ရှိ) အာ​ရော် မြို့​နှင့်​ယင်း​မြစ်​ဝှမ်း​အ​လယ်​ရှိ​မြို့​မှ​အမ္မုန် နယ်​နိ​မိတ်​ဖြစ်​သော ယဗ္ဗုတ်​မြစ်​အ​ထိ​ကျယ် ပြန့်​သည့်​ဂိ​လဒ်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-

3 ထို့​အ​ပြင်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​မှ ပင်​လယ်​သေ​အ​ရှေ့​ဘက်​ရှိ ဗက်​ယေ​ရှိ​မုတ် မြို့​တိုင်​အောင်​တည်​ရှိ​သော​ယော်​ဒန်​မြစ်​ဝှမ်း၊ ထို​မှ​တစ်​ဖန်​ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​လည်း​ပါ​ဝင်​သည်။

4 အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင် စိုး​စံ​၍ နောက်​ဆုံး​ကျန်​ရှိ​သေး​သော​ရိ​ဖိမ် အ​မျိုး​သား​တို့​အ​နက် တစ်​ဦး​ဖြစ်​သူ ဗာ​ရှန်​မင်း​သြ​ဃ​ကို​လည်း​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​နှိမ်​နင်း​ခဲ့​၏။-

5 သူ​၏​နိုင်​ငံ​တွင်​ဟေ​ရ​မုန်​တောင်၊ သာ​လ​က ပြည်၊ ဂေ​ရှု​ရိ​ပြည်​နှင့်​မာခါ​ပြည်​နယ်​စပ် အ​ထိ​ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည် လုံး​သည်​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန် ပိုင်​သော​ပြည်​နယ်​နိ​မိတ်​အ​ထိ​ကျယ်​ပြန့် သည့်​ဂိလဒ်​ပြည်​တစ်​ဝက်​သည်​လည်း​ကောင်း ပါ​ဝင်​သည်။-

6 ဤ​မင်း​များ​ကို​မော​ရှေ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှိမ်​နင်း​ခဲ့​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည်​ထို​မင်း​တို့ ၏​နယ်​မြေ​များ​ကို​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​ခဲ့​လေ​သည်။