ယော​ရှု 13:23-29 BCL

23 ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။

24 မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

25 သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-

26 သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။-

27 ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။-

28 အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင်​သော​နယ် မြေ​သည် ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အ​တွက် ဝေ​စု​ဖြစ်​သည်။

29 မော​ရှေ​သည်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​မိ​သား​စု တို့​အား​လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-