30 သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။-
31 ဂိလဒ်ပြည်တစ်ဝက်နှင့်သြဃမင်းအစိုးရ သောဗာရှန်ပြည်၏မြို့တော်များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့များလည်း ပါဝင်သည်။ အထက်ဖော်ပြပါနယ်မြေသည် မနာရှေ၏သားမာခိရ၏မိသားစုတစ် ဝက်တို့အတွက်ဝေစုဖြစ်သည်။
32 မောရှေသည်မောဘလွင်ပြင်တွင်ရောက်ရှိစဉ် အခါကယေရိခေါမြို့နှင့်ယော်ဒန်မြစ် အရှေ့ဘက်ရှိနယ်မြေကိုအထက်ပါ အတိုင်းခွဲဝေပေးခဲ့လေသည်။-
33 မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား အား ပူဇော်သောပူဇော်သကာမှဝေစုကို သူတို့ရမည်ဟုမောရှေမိန့်ကြားခဲ့၏။