ယော​ရှု 13:6-12 BCL

6 သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-

7 သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။

8 ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-

9 သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-

10 ထို​နယ်​မြေ​တွင်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း ရှိ​ဟုန်​လက်​အောက်​ခံ ဖြစ်​ခဲ့​သော​မြို့​အား​လုံး​ပါ​ဝင်​၍​အမ္မုန် ပြည်​နယ်​စပ်​အ​ထိ​ကျယ်​ပြန့်​သည်။-

11 ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊-

12 အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။-