ယော​ရှု 19:11-17 BCL

11 နယ်​နိ​မိတ်​သည်​ထို​မြို့​မှ​ဒဗ္ဗရှက်​မြို့​နှင့်​ယော က​နံ​မြို့​အ​ရှေ့​ဘက်​ရှိ​ချောင်း​ကို​ဖြတ်​၍ အ​နောက်​ဘက်​ရှိ​မ​ရာ​လ​မြို့​အ​ထိ ရောက်​သည်။-

12 နယ်​နိ​မိတ်​သည်​စာ​ရိဒ်​မြို့​မှ​အ​ရှေ့​ဘက် ခိ​သ​လုတ္တာ​ဗော်​မြို့​နယ်​စပ်​အ​ထိ​သွား​၏။ ထို​မှ​ဒါ​ဗ​ရတ်​မြို့​သို့​ရောက်​ပြီး​လျှင် ယာ​ဖျာ​မြို့​သို့​တက်​သွား​၏။-

13 ထို​မှ​အ​ရှေ့​ဘက်​ဂိတ္တ​ဟေ​ဖာ​မြို့​နှင့်​အိတ္တ ကာ​ဇိန်​မြို့​သို့​ရောက်​၍ ရိမ္မုန်​မြို့​သို့​သွား ရာ​လမ်း​ရှိ​နေ​အာ​မြို့​သို့​လှည့်​သွား​၏။-

14 မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ဟန္နသုန်​မြို့​ဘက် သို့​လှည့်​၍ ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​၌​အ​ဆုံး သတ်​သည်။-

15 ထို​နယ်​မြေ​တွင်​ကတ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​နှစ်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

16 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​သည်​ဇာ​ဗု​လုန်​အ​နွယ်​မိ​သား​စု​တို့ ပိုင်​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ သည်။

17 စ​တုတ္ထ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဣ​သ​ခါ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။-