ယော​ရှု 19:16-24 BCL

16 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​သည်​ဇာ​ဗု​လုန်​အ​နွယ်​မိ​သား​စု​တို့ ပိုင်​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ သည်။

17 စ​တုတ္ထ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဣ​သ​ခါ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။-

18 ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-

19-21 ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊- ရဗ္ဗိတ်​မြို့၊​ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊- ရေ​မက်​မြို့၊ အင်္ဂန္နိမ်​မြို့၊ အင်္ဟဒ္ဒါ​မြို့၊ ဗက်​ပဇ္ဇက်​မြို့​များ​ပါ​ဝင် သည်။-

22 နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

23 ထို​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဣ​သ​ခါ​အ​နွယ်​မိ​သား​စု​များ​အ​ပိုင်​ရ သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

24 ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-