ယော​ရှု 19:22-28 BCL

22 နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

23 ထို​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဣ​သ​ခါ​အ​နွယ်​မိ​သား​စု​များ​အ​ပိုင်​ရ သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

24 ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-

25 ထို​နယ်​မြေ​တွင်​ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊-

26 အ​လမ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​များ ပါ​ဝင်​သည်။ အ​နောက်​နယ်​နိ​မိတ်​သည်​က​ရ မေ​လ​မြို့​နှင့်​ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​များ ကို​ဖြတ်​သွား​သည်။-

27 ထို​နောက်​အ​ရှေ့​ဘက်​သို့​လှည့်​၍​ဗက်​ဒါ​ဂုန် မြို့​သို့​ရောက်​ပြီး​လျှင် ဇာ​ဗု​လုန်​နယ်​မြေ​နှင့် ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​ကို​ဖြတ်​လျက် မြောက် ဘက်​ဗေ​သ​မက်​မြို့​နှင့်​န​ယေ​လ​မြို့​သို့ ရောက်​သည်။ တစ်​ဖန်​မြောက်​ဘက်​သို့​ဆက် ၍​ကာ​ဗု​လ​မြို့၊-

28 ဧ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟမ္မုန်​မြို့၊ ကာ​န​မြို့ များ​မှ​ဇိ​ဒုန်​မြို့​အ​ထိ​ရောက်​သည်။-