ယော​ရှု 19:29-35 BCL

29 ထို​မှ​တစ်​ဖန်​ရာ​မ​မြို့​ဘက်​သို့​လှည့်​ပြီး​လျှင် တံ​တိုင်း​ကာ​ရံ​ထား​သော​တု​ရု​မြို့​သို့​ရောက် သည်။ ထို​နောက်​ဟော​သ​မြို့​သို့​လှည့်​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​၌​အ​ဆုံး​သတ်​သည်။ နယ် မြေ​တွင်​မ​ဟာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊-

30 အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-

31 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် အာ​ရှာ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

32 ဆ​ဋ္ဌ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​န​ဿ​လိ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-

33 ထို​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​ဟေ​လပ်​မြို့၊ ဇာ​နန္နိမ်​မြို့​အ​ရပ်​ရှိ​ဝက်​သစ်​ချ​ပင်​မှ​အ​စ ပြု​၍​အာ​ဒ​မိ​နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့ နှင့်​လကုံ​မြို့​များ​ကို​ဖြတ်​ပြီး​ယော်​ဒန်​မြစ် ၌​အ​ဆုံး​သတ်​သည်။-

34 နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-

35 တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-