ယော​ရှု 19:34-40 BCL

34 နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-

35 တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-

36 အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊-

37 ကေ​ဒေ​ရှ​မြို့၊ ဧ​ဒြိ​မြို့၊ အင်​ဟာ​ဇော်​မြို့၊-

38 ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့​စ​သော​မြို့​ကြီး​တစ် ဆယ့်​ကိုး​မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ဖြစ်​သည်။-

39 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် န​ဿ​လိ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။

40 သတ္တ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဒန်​အ​နွယ်​မိ​သား စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-