40 သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။-
41 ထိုနယ်မြေတွင်ဇောရာမြို့၊ ဧရှတောလ မြို့၊ ဣရရှေမက်မြို့၊-
42 ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊-
43 ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44-46 ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။-
47 ဒန်အနွယ်ဝင်တို့သည်မိမိတို့၏နယ်မြေ ဆုံးရှုံးရသောအခါလဲရှမြို့ကိုစစ်ချီ တိုက်ခိုက်၍မြို့သူမြို့သားများကိုသတ် ဖြတ်သုတ်သင်ပြီးလျှင်ထိုမြို့တွင်နေထိုင် ကြ၏။ လဲရှဟူသောမြို့နာမည်ကိုအနွယ် ၏ဖခင်ဒန်နာမည်သို့ပြောင်းလဲမှည့်ခေါ် ကြလေသည်။-
48 ဤမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဒန်အနွယ်ဝင်မိသားစုတို့ပိုင်သောနယ်မြေ အတွင်း၌တည်ရှိလေသည်။