ယော​ရှု 2:10-16 BCL

10 သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။-

11 ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-

12 ကျွန်​မ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​သ​ကဲ့ သို့​ကျွန်​မ​၏​မိ​သား​စု​ကို​လည်း ကျေး​ဇူး​ပြု ပါ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ကြ​ပါ​လော့။ ကျွန်​မ​သည်​သင်​တို့ ကို​ယုံ​ကြည်​စိတ်​ချ​နိုင်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား​တစ်​ခု​ခု​ကို​ပေး​ပါ​လော့။-

13 ကျွန်မ​၏​မိ​ဘ၊ မောင်​နှ​မ​နှင့်​သူ​တို့​၏​မိ​သား​စု​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည် ဟု​က​တိ​ပေး​ကြ​ပါ​လော့'' ဟု​ဆို​၏။

14 ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။

15 ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-

16 သင်​တို့​ကို​လိုက်​ရှာ​သော​သူ​များ​ပြန်​လာ​မှ သင်​တို့​ခ​ရီး​ဆက်​သွား​ကြ​ပါ'' ဟု​မှာ​လိုက်​လေ​သည်။