ယော​ရှု 2:14-20 BCL

14 ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။

15 ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-

16 သင်​တို့​ကို​လိုက်​ရှာ​သော​သူ​များ​ပြန်​လာ​မှ သင်​တို့​ခ​ရီး​ဆက်​သွား​ကြ​ပါ'' ဟု​မှာ​လိုက်​လေ​သည်။

17 ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​သင့်​အား ပေး​သော​က​တိ​တည်​စေ​မည်။-

18 သင်​တို့​၏​ပြည်​ထဲ​သို့​ငါ​တို့​ချီ​တက်​လာ​သော အ​ခါ ငါ​တို့​ကို​လျှော​ချ​သော​ပြူ​တင်း​ပေါက် တွင် ဤ​ကြိုး​နီ​ကို​ချည်​ထား​လော့။ သင်​၏​မိ​ဘ၊ မောင်​နှ​မ​များ​နှင့်​ဖ​ခင်​ဘက်​မှ​မိ​သား​စု အား​လုံး​ကို​သင်​၏​အိမ်​တွင်​စု​ရုံး​နေ​စေ လော့။-

19 သင့်​အိမ်​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​သည်​လမ်း ပေါ်​သို့​ထွက်​သ​ဖြင့် အ​သတ်​ခံ​ရ​လျှင်​ငါ​တို့ ၏​တာ​ဝန်​မ​ဟုတ်။ သင့်​အိမ်​ထဲ​တွင်​ရှိ​သော​သူ တစ်​စုံ​တစ်​ယောက်​ထိ​ခိုက်​လျှင်​ငါ​တို့​တာ​ဝန် ယူ​မည်။-

20 သို့​ရာ​တွင်​သင်​သည်​ငါ​တို့​လာ​ရောက်​သည့် ကိစ္စ​ကို တစ်​စုံ​တစ်​ယောက်​အား​ပေါက်​ကြား​စေ လျှင်​မူ​ကား​ငါ​တို့​ပေး​သော​ကတိ​တည်​ရန် မ​လို'' ဟု​ရာခပ်​အား​ပြော​ကြား​လေ​သည်။-