ယော​ရှု 2:19-24 BCL

19 သင့်​အိမ်​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​သည်​လမ်း ပေါ်​သို့​ထွက်​သ​ဖြင့် အ​သတ်​ခံ​ရ​လျှင်​ငါ​တို့ ၏​တာ​ဝန်​မ​ဟုတ်။ သင့်​အိမ်​ထဲ​တွင်​ရှိ​သော​သူ တစ်​စုံ​တစ်​ယောက်​ထိ​ခိုက်​လျှင်​ငါ​တို့​တာ​ဝန် ယူ​မည်။-

20 သို့​ရာ​တွင်​သင်​သည်​ငါ​တို့​လာ​ရောက်​သည့် ကိစ္စ​ကို တစ်​စုံ​တစ်​ယောက်​အား​ပေါက်​ကြား​စေ လျှင်​မူ​ကား​ငါ​တို့​ပေး​သော​ကတိ​တည်​ရန် မ​လို'' ဟု​ရာခပ်​အား​ပြော​ကြား​လေ​သည်။-

21 ရာ​ခပ်​သည်​သူ​တို့​ပြော​သည့်​အ​တိုင်း​လိုက်​နာ ပါ​မည်​ဟု​ဝန်​ခံ​သ​ဖြင့် သူ​တို့​သည်​ထွက်​ခွာ သွား​ကြ​သည်။ သူ​တို့​ထွက်​သွား​ကြ​ပြီး​နောက် ရာခပ်​သည်​ပြူ​တင်း​ပေါက်​တွင်​ကြိုး​နီ​ကို​ချည် ထား​လေ​သည်။

22 သူ​လျှို​တို့​သည်​တောင်​ကုန်း​များ​ပေါ်​သို့​တက် ၍​ပုန်း​အောင်း​နေ​ကြ​၏။ မင်း​ကြီး​စေ​လွှတ်​သော သူ​များ​သည် သူ​လျှို​တို့​ကို​သုံး​ရက်​တိုင်​အောင် နေ​ရာ​အ​နှံ့​လိုက်​လံ​ရှာ​ဖွေ​၍​မ​တွေ့​လျှင် ယေ​ရိ​ခေါ​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။-

23 ထို​နောက်​သူ​လျှို​နှစ်​ဦး​တို့​သည်​တောင်​ကုန်း များ​ပေါ်​မှ​ဆင်း​ပြီး​လျှင်​မြစ်​ကို​ဖြတ်​ကူး​၍ ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။ သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ယော​ရှု​အား​ပြန် ကြား​ပြီး​လျှင်၊-

24 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။