ယော​ရှု 2:3-11 BCL

3 ရာ​ခပ်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သင့်​အိမ်​သို့ ရောက်​ရှိ​နေ​သူ​များ​သည်​သူ​လျှို​များ​ဖြစ် သည်။ သူ​တို့​ကို​ငါ့​လက်​သို့​အပ်​လော့'' ဟု ဆင့်​ဆို​စေ​၏။-

4-6 ရာ​ခပ်​က``ကျွန်​မ​၏​အိမ်​သို့​ဧည့်​သည်​အ​ချို့ ရောက်​ရှိ​လာ​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​သူ တို့​မည်​သည့်​အ​ရပ်​မှ​လာ​သည်​ကို​ကျွန်​မ မ​သိ​ပါ။ သူ​တို့​သည်​မြို့​တံ​ခါး​မ​ပိတ်​မီ​နေ ဝင်​ချိန်​တွင်​ထွက်​ခွာ​သွား​ကြ​ပါ​သည်။ သူ​တို့ မည်​သည့်​အ​ရပ်​သို့​ခ​ရီး​ဆက်​ကြ​သည်​ကို လည်း​မ​သိ​ပါ။ သို့​သော်​လည်း​သူ​တို့​နောက် သို့​အ​လျင်​အ​မြန်​လိုက်​လျှင်​မီ​နိုင်​ပါ​မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​လေ​၏။ (သူ​သည်​ထို သူ​တို့​ကို​အိမ်​ခေါင်​မိုး​ပေါ်​သို့​တက်​စေ​ပြီး လျှင်​အ​မိုး​ပေါ်​တွင်​တင်​ထား​သော​ပိုက်​ဆံ လျှော်​ရိုး​များ​အောက်​တွင်​ဝှက်​ထား​ပြီး ဖြစ်​သည်။)-

7 မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​မြို့​ပြင်​သို့ ရောက်​သည့်​အ​ခါ မြို့​တံ​ခါး​ကို​ပိတ်​လိုက် ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် လျှောက်​နိုင်​သည့်​မြစ်​ကမ်း​အ​ထိ​သူ​လျှို​များ​ကို​လိုက်​လံ​ရှာ​ဖွေ​ကြ​သည်။

8 သူ​လျှို​တို့​အိပ်​ရာ​မ​ဝင်​မီ​အ​ချိန်​၌ ရာ​ခပ်​သည်​အိမ်​မိုး​ပေါ်​သို့​တက်​လာ​၍၊-

9 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-

10 သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။-

11 ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-