ယော​ရှု 21:6-13 BCL

6 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။

7 မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

8 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။

9-10 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု ဖြစ်​သည့်​အာ​ရုန်​သား​မြေး​တို့​အ​တွက်​ဦး​စွာ မဲ​ကျ​သ​ဖြင့် ယု​ဒ​နှင့်​ရှိမောင်​တို့​နယ်​မြေ​ထဲ​မှ မြို့​များ​ကို​သတ်​မှတ်​ပေး​ကြ​၏။-

11 ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-

12 သို့​ရာ​တွင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ​လယ်​ကွင်း​များ နှင့် ကျေး​ရွာ​များ​ကို​ယေ​ဖုန္နာ​၏​သား​ကာ​လက် အား​အ​ပိုင်​ပေး​ခဲ့​ပြီး​ဖြစ်​သည်။-

13 အာ​ရုန်​၏​သား​မြေး​တို့​အား​သတ်​မှတ်​ပေး သော​မြို့​များ​မှာ​ဟေ​ဗြုန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) အ​ပြင်​လိ​ဗ​န​မြို့၊-