5 သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်ကြလော့။ ကိုယ်တော်၏ပညတ်တော်များ ကိုစောင့်ထိန်းလော့။ အလိုတော်အတိုင်းကျင့် ၍ကိုယ်တော်၏သစ္စာကိုစောင့်ကြလော့။ အမှု တော်ကိုကိုယ်စွမ်း၊ စိတ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ကြလော့ဟူ၍ မောရှေမိန့်မှာခဲ့ သည့်အတိုင်းလိုက်နာရန်သတိပြုကြ လော့'' ဟုမှာကြားလေ၏။-
6-8 ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။
9 ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။
10 ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။-
11-12 အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
13 ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
14 အနွယ်တစ်နွယ်စီမှမိသားစုခေါင်းဆောင် တစ်ဦးကျ၊ စုစုပေါင်းအကြီးအကဲဆယ် ဦးတို့သည်ဖိနဟတ်နှင့်အတူလိုက် ပါသွားကြ၏။-