ယော​ရှု 24:30-33 BCL

30 သူ​တို့​သည်​ဂါ​ရှ​တောင်​မြောက်​ဘက်၊ ဧ​ဖ​ရိမ် တောင်​ကုန်း​ပေါ်​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ရှိ​သူ ပိုင်​သော​မြေ​ကွက်​တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ် ကြ​လေ​သည်။

31 ယော​ရှု​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ယော​ရှု အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သ​မျှ​ကို​တွေ့​မြင်​ခဲ့​သည့်​ခေါင်း​ဆောင်​များ အ​သက်​ရှင်​နေ​သေး​သ​မျှ​ကာ​လ​ပတ်​လုံး ၌​လည်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။

32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။

33 အာ​ရုန်​၏​သား​ဧ​လာ​ဇာ​သည်​လည်း​အ​နိစ္စ ရောက်​သ​ဖြင့် သူ​၏​အ​လောင်း​ကို​သူ​၏​သား ဖိ​န​ဟတ်​အား​ပေး​ထား​သော​ဧ​ဖ​ရိမ်​တောင် ကုန်း​ဒေ​သ​ရှိ​ဂစ်​ဗီ​အာ​မြို့​တွင်​သင်္ဂြိုဟ်​ကြ လေ​သည်။ ယော​ရှု​မှတ်​စာ​ပြီး​၏။