ယော​ရှု 3:10-11-17 BCL

10-11 သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-

12 ယ​ခု​မူ​ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး ကျ​ဖြင့် လူ​တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး ချယ်​ကြ​လော့။-

13 ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

14-15 ထို​အ​ချိန်​အ​ခါ​သည်​စပါး​ရိတ်​သိမ်း​ချိန် ဖြစ်​သည်။ မြစ်​ရေ​လျှံ​ချိန်​လည်း​ဖြစ်​သည်။လူ​တို့​သည်​ယော်ဒန်​မြစ်​ကို​ဖြတ်​ကူး​ရန်​စ​ခန်း မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ် များ​သည်​သူ​တို့​ရှေ့​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ သည်​မြစ်​ထဲ​သို့​ဆင်း​မိ​သည်​နှင့်​တစ်​ပြိုင်​နက်၊-

16 ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-

17 လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။