ယော​ရှု 4:1-5 BCL

1 ဣ​သ​ရေ​လ​လူ​မျိုး​တစ်​ရပ်​လုံး​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ယော​ရှု​အား၊-

2 ``ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး​ကျ​ဖြင့် တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး​ချယ်​၍၊-

3 ယော်​ဒန်​မြစ်​လယ်၊ ယဇ်​ပု​ရော​ဟိတ်​များ​ရပ်​တန့် ခဲ့​သော​နေ​ရာ​မှ ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို​သယ်​ယူ​စေ​လော့။ သင်​တို့​ယ​နေ့​စ​ခန်း​ချ ရာ​အ​ရပ်​တွင်​ထို​ကျောက်​တုံး​များ​ကို​ထား လော့'' ဟု​မိန့်​တော်​မူ​၏။

4 ထို့​ကြောင့်​ယော​ရှု​သည်​ရွေး​ချယ်​ပြီး​သော​လူ တစ်​ဆယ့်​နှစ်​ယောက်​ကို​ဆင့်​ခေါ်​၍၊-

5 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က ယော်​ဒန်​မြစ်​ထဲ သို့​ဆင်း​လော့။ ဣ​သ​ရေ​လ​တစ်​နွယ်​စီ​အ​တွက် တစ်​ဦး​လျှင်​ကျောက်​တုံး​တစ်​တုံး​ကျ​သယ် ဆောင်​ခဲ့​ရ​မည်။-