ယော​ရှု 4:10-17 BCL

10 ယော​ရှု​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ သ​မျှ​ကို လူ​အ​ပေါင်း​တို့​ဆောင်​ရွက်​ပြီး​စီး သည်​အ​ထိ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယော်​ဒန် မြစ်​လယ်​တွင်​ရပ်​နေ​ကြ​၏။ ဤ​သို့​ဆောင် ရွက်​ရန်​မော​ရှေ​မှာ​ကြား​ခဲ့​ခြင်း​ဖြစ်​၏။လူ​တို့​သည်​လည်း​မြစ်​ကို​အ​လျင်​အ​မြန် ဖြတ်​ကူး​ကြ​၏။-

11 သူ​တို့​အား​လုံး​တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​၍​လူ​တို့​ရှေ့​က​သွား​ကြ သည်။-

12 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-

13 သူ​တို့​သည်​လူ​အင်​အား​လေး​သောင်း​ခန့်​ရှိ​၍ တိုက်​ပွဲ​ဝင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မြစ်​ကို​ဖြတ်​လျက် ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ လွင်​ပြင်​သို့​ချီ​တက်​ကြ​လေ​သည်။-

14 ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။

15-16 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​ယော်​ဒန်​မြစ်​ထဲ​မှ​တက်​လာ​ရန် ယော​ရှု​အား​ဆင့်​ဆို​စေ​တော်​မူ​၏။-

17 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယော​ရှု​ဆင့်​ဆို​လေ​၏။-