ယော​ရှု 4:17-23 BCL

17 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယော​ရှု​ဆင့်​ဆို​လေ​၏။-

18 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မြစ်​ကမ်း​ပေါ်​သို့ ရောက်​သည်​နှင့်​တစ်​ပြိုင်​နက် မြစ်​ရေ​သည်​တစ် ဖန်​စီး​ဆင်း​သ​ဖြင့်​ကမ်း​တစ်​လျှောက်​လုံး ရေ​ပြည့်​လျှံ​လာ​၏။

19 လူ​အ​ပေါင်း​တို့​သည်​ပ​ထ​မ​လ​ဆယ်​ရက်​နေ့ ၌​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ပြီး​နောက် ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ဂိ​လ​ဂါ​လ​အ​ရပ် ၌​စ​ခန်း​ချ​ကြ​သည်။-

20 ယော​ရှု​သည်​ယော်​ဒန်​မြစ်​တွင်း​မှ​သယ်​ယူ​ခဲ့ သော​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး​ကို​ထို အ​ရပ်​တွင်​စိုက်​ထူ​လေ​၏။-

21 ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး တို့​က​ဤ​ကျောက်​တုံး​များ​သည် မည်​သည့် အ​ဋ္ဌိပ္ပါယ်​ကို​ဆောင်​ပါ​သ​နည်း​ဟူ​၍​သင် တို့​အား​မေး​မြန်း​ကြ​လျှင်၊-

22 သင်​တို့​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော်​ဒန်​မြစ်​ကို​ခြောက်​သွေ့​သော​မြေ​ပေါ် ဖြတ်​ကူး​ခဲ့​ကြောင်း​ကို​ပြော​ကြား​လော့။-

23 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပင်​လယ်​နီ​ကို​ခြောက်​သွေ့​စေ​တော်​မူ​သ​ကဲ့​သို့ ယော်​ဒန်​မြစ်​ကို​သင်​တို့​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင်​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ပြော ကြား​လော့။-