21 ထိုနောက်သူသည်ဣသရေလအမျိုးသား တို့အား``နောင်အခါ၌သင်တို့၏သားသမီး တို့ကဤကျောက်တုံးများသည် မည်သည့် အဋ္ဌိပ္ပါယ်ကိုဆောင်ပါသနည်းဟူ၍သင် တို့အားမေးမြန်းကြလျှင်၊-
22 သင်တို့ကဣသရေလအမျိုးသားတို့သည် ယော်ဒန်မြစ်ကိုခြောက်သွေ့သောမြေပေါ် ဖြတ်ကူးခဲ့ကြောင်းကိုပြောကြားလော့။-
23 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ပင်လယ်နီကိုခြောက်သွေ့စေတော်မူသကဲ့သို့ ယော်ဒန်မြစ်ကိုသင်တို့ဖြတ်ကူးပြီးသည် တိုင်အောင်ခန်းခြောက်စေတော်မူကြောင်းပြော ကြားလော့။-
24 ဤအံ့ဖွယ်သောနိမိတ်လက္ခဏာကြောင့်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့သည် ထာဝရဘုရား ၏တန်ခိုးတော်ကြီးမားပုံကိုသိမြင်ကြ လိမ့်မည်။ သင်တို့သည်လည်းသင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲ ကြောက်ရွံ့ရိုသေကြလိမ့်မည်'' ဟုဆိုလေ ၏။