ယော​ရှု 4:4-10 BCL

4 ထို့​ကြောင့်​ယော​ရှု​သည်​ရွေး​ချယ်​ပြီး​သော​လူ တစ်​ဆယ့်​နှစ်​ယောက်​ကို​ဆင့်​ခေါ်​၍၊-

5 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က ယော်​ဒန်​မြစ်​ထဲ သို့​ဆင်း​လော့။ ဣ​သ​ရေ​လ​တစ်​နွယ်​စီ​အ​တွက် တစ်​ဦး​လျှင်​ကျောက်​တုံး​တစ်​တုံး​ကျ​သယ် ဆောင်​ခဲ့​ရ​မည်။-

6 ဤ​ကျောက်​တုံး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​အား သ​တိ​ရ​စေ​မည့်​အ​ထိမ်း​အ​မှတ်​ဖြစ်​သည်။ နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​များ က`ဤ​ကျောက်​တုံး​များ​သည်​မည်​သည့်​အဋ္ဌိပ္ပါယ် ကို​ဆောင်​ပါ​သ​နည်း' ဟု​မေး​မြန်း​လျှင်၊-

7 သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​စဉ်​အ​ခါ​က မြစ်​ရေ​စီး​ရပ်​တန့်​သွား​ကြောင်း​ပြန်​ပြော​ရ ကြ​မည်။ ဤ​ကျောက်​တုံး​များ​သည်​ဤ​အ​ရပ် တွင်​ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​စဉ်​သ​တိ​ရ​စေ လိမ့်​မည်'' ဟု​ဆို​၏။

8 ထို​သူ​တို့​သည်​ယော​ရှု​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည် ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ကျောက်​တုံး​တစ် တုံး​ကျ​ဖြင့်​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို ယော်​ဒန်​မြစ်​လယ်​မှ​သယ်​ဆောင်​၍​စ​ခန်း တွင်း​၌​ချ​ထား​ကြ​၏။-

9 ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)

10 ယော​ရှု​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ သ​မျှ​ကို လူ​အ​ပေါင်း​တို့​ဆောင်​ရွက်​ပြီး​စီး သည်​အ​ထိ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယော်​ဒန် မြစ်​လယ်​တွင်​ရပ်​နေ​ကြ​၏။ ဤ​သို့​ဆောင် ရွက်​ရန်​မော​ရှေ​မှာ​ကြား​ခဲ့​ခြင်း​ဖြစ်​၏။လူ​တို့​သည်​လည်း​မြစ်​ကို​အ​လျင်​အ​မြန် ဖြတ်​ကူး​ကြ​၏။-