ယော​ရှု 4:8-14 BCL

8 ထို​သူ​တို့​သည်​ယော​ရှု​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည် ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ကျောက်​တုံး​တစ် တုံး​ကျ​ဖြင့်​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို ယော်​ဒန်​မြစ်​လယ်​မှ​သယ်​ဆောင်​၍​စ​ခန်း တွင်း​၌​ချ​ထား​ကြ​၏။-

9 ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)

10 ယော​ရှု​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ သ​မျှ​ကို လူ​အ​ပေါင်း​တို့​ဆောင်​ရွက်​ပြီး​စီး သည်​အ​ထိ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယော်​ဒန် မြစ်​လယ်​တွင်​ရပ်​နေ​ကြ​၏။ ဤ​သို့​ဆောင် ရွက်​ရန်​မော​ရှေ​မှာ​ကြား​ခဲ့​ခြင်း​ဖြစ်​၏။လူ​တို့​သည်​လည်း​မြစ်​ကို​အ​လျင်​အ​မြန် ဖြတ်​ကူး​ကြ​၏။-

11 သူ​တို့​အား​လုံး​တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​၍​လူ​တို့​ရှေ့​က​သွား​ကြ သည်။-

12 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-

13 သူ​တို့​သည်​လူ​အင်​အား​လေး​သောင်း​ခန့်​ရှိ​၍ တိုက်​ပွဲ​ဝင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မြစ်​ကို​ဖြတ်​လျက် ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ လွင်​ပြင်​သို့​ချီ​တက်​ကြ​လေ​သည်။-

14 ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။