ယော​ရှု 5:1-4-6 BCL

1 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။

2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဋ္ဌား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။-

3 သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။-

4-6 အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။-