ယော​ရှု 5:12-15 BCL

12 ထို​နေ့​မှ​စ​၍​မန္န​မုန့်​ကောင်း​ကင်​မှ​မ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မန္န​မုန့်​ကို မ​စား​ရ​တော့​ချေ။ ထို​အ​ချိန်​မှ​စ​၍​သူ​တို့ သည်​ခါ​နာန်​ပြည်​ထွက်​အ​သီး​အ​နှံ​များ​ကို စား​ရ​ကြ​သည်။

13 ယော​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​ရှိ လာ​စဉ် မိ​မိ​ရှေ့​တွင်​ဋ္ဌား​လွတ်​ကိုင်​သူ​တစ်​ဦး ရပ်​နေ​သည်​ကို​ရုတ်​တ​ရက်​မြင်​ရ​သည်။ ယော​ရှု သည်​ထို​သူ​ထံ​သို့​ချဉ်း​ကပ်​၍``သင်​သည်​ငါ​တို့ ဘက်​တော်​သား​လော၊ ရန်​သူ​လော'' ဟု​မေး​၏။

14 ထို​သူ​က``ဘက်​တော်​သား​လည်း​မ​ဟုတ်၊ ရန်​သူ လည်း​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​အ ဖြစ်​ငါ​လာ​၏'' ဟု​ဖြေ​ကြား​၏။ထို​အ​ခါ​ယော​ရှု​သည်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​ရှိ​ခိုး လျက်``အ​ရှင်၊ ကိုယ်​တော့်​ကျွန်​အား​အ​မိန့်​ရှိ​တော် မူ​ပါ'' ဟု​လျှောက်​လေ​၏။

15 ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​က``သင်​၏​ဖိ​နပ်​ကို ချွတ်​လော့။ သင်​နင်း​သော​မြေ​သည်​သန့်​ရှင်း​မြင့် မြတ်​သော​မြေ​ဖြစ်​၏'' ဟု​ဆို​လေ​၏။ ထို​သူ အ​မိန့်​ပေး​သည်​အ​တိုင်း​ယော​ရှု​လိုက်​နာ​၏။