ယော​ရှု 6:24-27 BCL

24 ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။-

25 ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)

26 ထို​အ​ခါ​ယော​ရှု​က``ယေ​ရိ​ခေါ​မြို့​ကို​ပြန် လည်​တည်​ဆောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ပါ​စေ​သား။မြို့​၏​အုတ်​မြစ်​ကို​တည်​သော​သူ​သည် သား​ဦး​ဆုံး​ရ​ပါ​စေ​သား။မြို့​တံ​ခါး​ကို​ဆောက်​သော​သူ​သည်​သား​ထွေး ဆုံး​ရ​ပါ​စေ​သား'' ဟူ​၍​ကျိန်​ဆို​လေ​၏။

27 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​နှင့်​အ​တူ​ရှိ တော်​မူ​၍​သူ​၏​နာ​မည်​သည်​တစ်​ပြည်​လုံး တွင်​ထင်​ရှား​ကျော်​စော​လေ​၏။