ယော​လ 1 BCL

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​သွေ​လ​၏​သား​ယော​လ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။

ကောက်​ပဲ​သီး​နှံ​များ​ပျက်​စီး​သ​ဖြင့်​လူ​တို့​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​ခြင်း

2 အ​ချင်း​အ​သက်​ကြီး​သူ​တို့​ငါ​ပြော​သည်​ကို​အာ​ရုံ​စိုက်​ကြ​လော့။ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​နား​ထောင်​ကြ​လော့။သင်​တို့​ခေတ်​၌​သော်​လည်း​ကောင်း​သင်​တို့​ဘိုး​ဘေး​များ​၏​ခေတ်​၌​သော်​လည်းကောင်း၊ဤ​အ​မှု​အ​ရာ​မျိုး​ဖြစ်​ပျက်​ဖူး​သ​လော။

3 ဤ​အ​ချင်း​အ​ရာ​ကို​သင်​တို့​၏​သား​သ​မီး​များ​အား ပြော​ကြား​ကြ​လော့။သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား​ပြော​ကြား​လျက်၊ထို​သား​သ​မီး​များ​က​လည်း​နောင်​တစ်​ခေတ်​မှ​လူ​တို့​အား​ပြော​ကြား​ကြ​လိမ့်​မည်။

4 ကျိုင်း​ကောင်​များ​သည်​တစ်​အုပ်​ပြီး​တစ်​အုပ်ကောက်​ပဲ​သီး​နှံ​များ​အ​ပေါ်​သို့​သက်​ဆင်း​ကြ​၏။ကျိုင်း​ကောင်​တစ်​အုပ်​စား​၍​ကြွင်း​သော​အ​ရာ​ကို​အ​ခြား​တစ်​အုပ်​က​စား​ကြ​လေ​သည်။

5 အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။

6 ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ငါ​တို့​ပြည်​ကို​တိုက်​ခိုက်​လှ​လေ​ပြီ။သူ​တို့​သည်​အား​အင်​ကြီး​၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​ကြ​၏။သူ​တို့​၏​သွား​များ​သည်​ခြင်္သေ့​သွား​ကဲ့​သို့​ထက်​မြက်​၏။

7 သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။

8 အ​ချင်း​လူ​တို့​သင်​တို့​သည်​ကြင်​ယာ​လောင်း​သေ​သ​ဖြင့်၊ငို​ကြွေး​မြည်​တမ်း​သည့်​အ​မျိုး​သ​မီး​က​လေး​ကဲ့​သို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။

9 ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ဆက်​သ​ရန်​ဂျုံ​ဆန်​သော်​လည်း​ကောင်းစ​ပျစ်​ရည်​သော်​လည်း​ကောင်း​မ​ရှိ​တော့​ပေ။မိ​မိ​တို့​ထံ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်ပူ​ဇော်​သ​ကာ​များ​မ​ရှိ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။

10 လယ်​ယာ​များ​သည်​ကောက်​ပင်​ကင်း​လျက်​နေ​၏။ဂျုံ​ဆန်​များ​သည်​ပျက်​စီး​၍​စ​ပျစ်​သီး​များ​မှာ​ခြောက်​သွေ့​ကုန်​လျက်၊သံ​လွင်​ပင်​များ​သည်​ညှိုး​နွမ်း​သွား​ကြ​၏။ထို့​ကြောင့်​မြေ​ကြီး​သည်​ငို​ကြွေး​မြည်​တမ်း​လေ​တော့​၏။

11 အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။

12 စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။

13 ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင်အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။

14 အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ​လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ကျင်း​ပ​ကြ​လော့။သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်ခေါင်း​ဆောင်​များ​နှင့်၊ယု​ဒ​ပြည်​သား​အ​ပေါင်း​ကို​စု​ဝေး​စေ​ပြီးလျှင်၊ကိုယ်​တော်​၏​ထံ​တော်​သို့​ဟစ်​အော်​ကြ​လော့။

15 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည်ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။

16 ငါ​တို့​သည်​မိ​မိ​တို့​၏​ကောက်​ပဲ​သီး​နှံ​များအ​ဖျက်​အ​ဆီး​ခံ​ရ​ချိန်​၌​ပင်​မည်​သို့​မျှ​မ​တတ်​နိုင်၊ငေး​၍​ကြည့်​နေ​ရ​ကြ​၏။ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။

17 မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့်ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။

18 ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

19 စား​ကျက်​များ​နှင့်​သစ်​ပင်​များ​သည်မီး​သင့်​လောင်​သည့်​အ​လား​ခြောက်​သွေ့​၍​သွား​ကုန်​၏။သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​တို့​သည်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။

အခန်းကြီး

1 2 3