ယေ​ဇ​ကျေ​လ 1:14-21 BCL

14 သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။

15 ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-

16 ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-

17 သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။-

18 ဘီး​ခွေ​တို့​သည်​မျက်​စိ​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၍ မြင့်​မား​လျက်​စိုး​ရိမ်​ထိတ်​လန့်​ဖွယ်​ကောင်း​၏။-

19-20 သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သည့်​အ​ခါ​တိုင်း ထို​ဘီး​တို့​သည်​လိုက်​၍​ရွေ့​လျား​ကြ​၏။ သတ္တ​ဝါ​များ​မြေ​ကြီး​မှ​ခွာ​၍​အ​ထက်​သို့​တက်​ကြ​သော​အ​ခါ​၌​လည်း ဘီး​တို့​သည်​လိုက်​၍​တက်​ကြ​၏။-

21 ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။