ယေ​ဇ​ကျေ​လ 10:19-22 BCL

19 သူ​တို့​သည်​မိ​မိ​တို့​တောင်​ပံ​များ​ကို​ဖြန့်​၍ ငါ​၏​မျက်​မှောက်​၌​ပင်​ကမ္ဘာ​မြေ​ကြီး​မှ​အ​ထက် သို့​ပျံ​တက်​ကြ​၏။ ထို​အ​ခါ​ဘီး​တို့​သည်​လည်း လိုက်​ပါ​သွား​ကြ​၏။ သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​အ​ရှေ့​တံ​ခါး​တွင်​ရပ်​နား​ကြ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် လည်း​သူ​တို့​အ​ပေါ်​၌​တည်​လေ​၏။-

20 ဤ​သတ္တ​ဝါ​တို့​သည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အောက်​တွင် ငါ​မြင်​ခဲ့​ရ​သော သတ္တ​ဝါ​များ​ပင်​ဖြစ်​ကြောင်း​ငါ​သိ​၏။

21 သူ​တို့​တစ်​ပါး​စီ​တွင်​မျက်​နှာ​လေး​ခု၊ တောင်​ပံ လေး​ဘက်​နှင့်​ထို​တောင်​ပံ​များ​၏​အောက်​တွင် လူ့​လက်​နှင့်​တူ​သော​လက်​တစ်​ဖက်​စီ​ရှိ​၏။-

22 သူ​တို့​၏​မျက်​နှာ​များ​သည်​ခေ​ဗာ​မြစ်​အ​နီး တွင် ငါ​တွေ့​မြင်​ခဲ့​ရ​သော​မျက်​နှာ​များ​နှင့် တ​ထေ​ရာ​တည်း​ဖြစ်​၍​နေ​၏။ ထို​သတ္တ​ဝါ အား​လုံး​ပင်​ရှေ့​သို့​တည့်​တည့်​ရွေ့​လျား သွား​တတ်​ကြ​၏။