ယေ​ဇ​ကျေ​လ 10:4-11 BCL

4 ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​အ​သ​ရေ တော်​သည် ထို​သတ္တ​ဝါ​များ​မှ​အ​ထက်​သို့​လျှံ တက်​ပြီး​လျှင် ဗိ​မာန်​တော်​အ​ဝင်​ဝ​သို့​ရွေ့ လျား​၏။ ထို​နောက်​ဗိ​မာန်​တော်​သည်​မိုး​တိမ် များ​ဖြင့်​ပြည့်​သ​ဖြင့် တံ​တိုင်း​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ထွန်း​တောက် လျက်​နေ​၏။-

5 သတ္တ​ဝါ​တို့​၏​တောင်​ပံ​ခတ်​သံ​ကို​အ​ပြင် တံ​တိုင်း​မှ​ပင်​ကြား​ရ​၏။ ထို​အ​သံ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​မိန့်​မြွက် တော်​မူ​သော​အ​သံ​နှင့်​တူ​၏။

6 ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​သူ​အား ထာ ဝ​ရ​ဘု​ရား​က​သတ္တ​ဝါ​များ​၏​အောက်​၌ ရှိ​သော​ရ​ထား​ဘီး​များ​အ​ကြား​မှ မီး​ကျီး ခဲ​အ​ချို့​ကို​ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​သော အ​ခါ​ထို​သူ​သည်​ဝင်​၍​ဘီး​တစ်​ခု​အ​နီး ၌​ရပ်​လေ​၏။-

7 သတ္တ​ဝါ​တစ်​ပါး​သည်​လက်​ကို​ဆန့်​၍​သတ္တ ဝါ​များ​အ​ကြား​၌​ရှိ​သည့်​မီး​ကျီး​ခဲ​ကို ကောက်​ယူ​ကာ ပိတ်​ချော​ထည်​ဝတ်​ဆင်​သူ ၏​လက်​ခုပ်​ထဲ​သို့​ထည့်​၍​ပေး​၏။ ထို​သူ သည်​လည်း​မီး​ကျီး​ခဲ​များ​ကို​ယူ​၍ ထွက်​သွား​၏။

8 သတ္တ​ဝါ​တိုင်း​၏​တောင်​ပံ​များ​အောက်​၌ လူ လက်​နှင့်​တူ​သော​လက်​တစ်​ခု​စီ​ရှိ​သည်​ကို လည်း​ကောင်း၊-

9-10 ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-

11 ထို​ဘီး​တို့​လှုပ်​ရှား​ရာ​၌​ဘီး​တို့​သည်​မ​လှည့် ဘဲ သတ္တ​ဝါ​များ​သွား​သည့်​အ​တိုင်း​သူ​တို့ မျက်​နှာ​မူ​ရာ​အ​ရပ်၊ မည်​သည့်​အ​ရပ်​သို့ မ​ဆို​သွား​လာ​နိုင်​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​လှည့်​နေ​ရန်​မ​လို​ဘဲ အား​လုံး တ​ညီ​တ​ညာ​တည်း​မိ​မိ​တို့​သွား​လို​ရာ ဘက်​သို့​သွား​နိုင်​ကြ​၏။-