ယေ​ဇ​ကျေ​လ 19:3-9 BCL

3 သား​ကောင်​များ​ဖမ်း​သည့်​အ​တတ်​ကို သင်​ကြား​ပေး​သ​ဖြင့်၊ခြင်္သေ့​ငယ်​တစ်​ကောင်​သည်​သန်​စွမ်း​လာ​၍ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​လေ​သည်။

4 လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​ကြောင်း​ကို ကြား​သော​အ​ခါတွင်း​ဖြင့်​ထောင်​၍​ဖမ်း​ပြီး​လျှင်​နှာ​ဖား​ကြိုး ထိုး​လျက် အီ​ဂျစ်​ပြည်​သို့​ဆွဲ​ငင်​သွား​ကြ​၏။

5 ခြင်္သေ့​မ​သည်​မိ​မိ​၏​မျှော်​လင့်​ချက်​များ​မ​ရှိ တော့​ဘဲမျှော်​မှန်း​ချက်​များ​ကုန်​ဆုံး​သည်​ကို သိ​မြင်​သော​အ​ခါအ​ခြား​သား​ငယ်​တစ်​ကောင်​ကို​ကြီး​ပြင်း​အောင် ကျွေး​မွေး​စောင့်​ရှောက်​ပြန်​၏။ထို​သား​ငယ်​သည်​လည်းကြောက်​မက်​ဖွယ်​ကောင်း​သော​ခြင်္သေ့ ဖြစ်​လာ​လေ​သည်။

6 သူ​သည်​အ​ရွယ်​ရောက်​၍​သန်​စွမ်း​သော​အ​ခါ၊အ​ခြား​ခြင်္သေ့​များ​နှင့်​အ​တူ​အ​စာ​ရှာ​ရန် လှည့်​လည်​လျက်၊သား​ကောင်​ဖမ်း​သည့်​အ​တတ်​ကို​သင်​ယူ ကာ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​၏။

7 သူ​သည်​ခံ​တပ်​များ​ကို​ဖြို​ချ​၍​မြို့​တို့​ကို ဖျက်​ဆီး​နေ​၏။သူ​ဟောက်​လိုက်​သည့်​အ​ခါ​တိုင်း၊ပြည်​သူ​ပြည်​သား​တို့​သည်​ကြောက်​လန့်​တုန်​လှုပ် ကြ​၏။

8 ထို​အ​ခါ​အ​ရပ်​ရပ်​သူ​၏​ပတ်​ဝန်း​ကျင်​မှ လူ​မျိုး​တ​ကာ​တို့​သည်​စု​ရုံး​လာ​ကြ​လျက်၊သူ့​အား​မု​ဆိုး​ပိုက်​ကွန်​များ​ဖြင့်​တွင်း​ထဲ​သို့ ထောင်​ဖမ်း​ကြ​၏။

9 ထို​နောက်​သူ့​အား​သံ​ချိတ်​များ​နှင့်​ဆွဲ​ပြီးလှောင်​အိမ်​တစ်​ခု​တွင်​ထည့်​၍​ဗာ​ဗု​လုန်​မင်း​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​သူ​၏​အ​သံ ကိုနောက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​ရ​စေ​ရန် သူ့​အား အ​စောင့်​အ​ကြပ်​နှင့်​ထောင်​ချ​ထား​၏။