ယေ​ဇ​ကျေ​လ 2:7-10 BCL

7 သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။''

8 ``အ​ချင်း​လူ​သား၊ ငါ​မိန့်​တော်​မူ​သည်​ကို​နား ထောင်​လော့။ သူ​တို့​ကဲ့​သို့​မ​ပုန်​ကန်​နှင့်။ သင်​၏ ခံ​တွင်း​ကို​ဖွင့်​၍​ငါ​ပေး​မည့်​အ​ရာ​ကို​စား လော့'' ဟု​မိန့်​တော်​မူ​၏။-

9 ထို​နောက်​စာ​လိပ်​တစ်​ခု​ကို​ကိုင်​ထား​သော လက်​တစ်​ဖက်​သည်​ငါ​ရှိ​ရာ​သို့​ကမ်း​လှမ်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-

10 ထို​လက်​သည်​စာ​လိပ်​ကို​ဖြန့်​လိုက်​သော​အ​ခါ နှစ်​ဖက်​စ​လုံး​၌​စာ​များ​ရေး​သား​ထား​သည် ကို​ငါ​မြင်​ရ​၏။ ထို​စာ​လိပ်​နှစ်​ဖက်​စ​လုံး​တွင် ဝမ်း​နည်း​ပူ​ဆွေး​ညည်း​တွား​မြည်​တမ်း​စ​ကား များ​ပါ​ရှိ​သ​တည်း။