ယေ​ဇ​ကျေ​လ 26:11-17 BCL

11 သူ​တို့​၏​မြင်း​စီး​သူ​ရဲ​များ​သည်​သင်​၏ လမ်း​များ​ကို​ဖြတ်​ကျော်​ကာ​လူ​တို့​အား ဋ္ဌား​ဖြင့်​သတ်​ကြ​လိမ့်​မည်။ သင်​၏​ခိုင်​ခံ့ သော​ကျောက်​တိုင်​များ​သည်​မြေ​ပေါ်​သို့ ပြို​လဲ​ကြ​လိမ့်​မည်။-

12 ရန်​သူ​များ​သည်​သင်​၏​ဥစ္စာ​ဘဏ္ဍာ​နှင့်​ကုန် ပစ္စည်း​များ​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်။ အုတ် နံ​ရံ​များ​ကို​ဖြို​ချ​၍ သင်​၏​လှ​ပ​သော အိမ်​များ​ကို​ဖြို​ဖျက်​ကြ​လိမ့်​မည်။ သင်​တို့ ၏​ကျောက်​များ၊ သစ်​သား​များ​နှင့်​အိမ် အ​ပျက်​အ​စီး​များ​ကို​ပင်​လယ်​ထဲ​သို့ ပစ်​လိမ့်​မည်။-

13 သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-

14 ရေ​လုပ်​သား​တို့​ပိုက်​ကွန်​လှန်း​ရန်​ကျောက် သား​ပ​က​တိ​ကို​သာ​လျှင်​ချန်​ထား​မည်။ မြို့​ကို​အ​ဘယ်​အ​ခါ​မျှ​ပြန်​လည်​တည် ဆောက်​ရ​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။''

15 တု​ရု​မြို့​အား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား``သင့်​အား​ရန်​သူ​တို့​တိုက် ခိုက်​အောင်​မြင်​နေ​ချိန်​၌ အ​သတ်​ခံ​ရ​သူ​တို့ နှင့်​ဒဏ်​ရာ​ရ​သူ​တို့​အော်​ဟစ်​သံ​များ​ကြောင့် ပင်​လယ်​ကမ်း​ခြေ​တစ်​လျှောက်​တွင်​နေ​ထိုင် ကြ​သူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ လိမ့်​မည်။-

16 ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။

17 သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။