ယေ​ဇ​ကျေ​လ 26:6-12 BCL

6 ပြည်​မ​ရှိ​မြို့​များ​မှ​လူ​တို့​ကို​လည်း​ဋ္ဌား ဘေး​သင့်​စေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း တု​ရု​မြို့ သား​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​တည်း။

7 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဘု​ရင်​တ​ကာ​တို့ တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​အား တု​ရု​မြို့​ကို တိုက်​ခိုက်​ရန်​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​သည် ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​လျက်၊ မြင်း များ​စစ်​မြင်း​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ များ​နှင့်​တ​ကွ​ကြီး​မား​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ တက်​လာ​လိမ့်​မည်။-

8 ပြည်​ပ​ရှိ​မြို့​များ​တွင်​နေ​ထိုင်​ကြ​သူ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ ရန်​သူ များ​သည်​က​တုပ်​ကျင်း​များ​ကို​တူး​၍​မြေ က​တုပ်​များ​ကို​ဖို့​ကာ​ဒိုင်း​လွှား​များ​ကို ကာ​လျက်​သင့်​အား​တိုက်​ခိုက်​လိမ့်​မည်။-

9 သင်​၏​မြို့​ရိုး​တို့​ကို​လက်​နက်​များ​ဖြင့် ထု​ဖြို​ကြ​လိမ့်​မည်။ သင်​၏​ရဲ​တိုက်​များ ကို​လည်း​သံ​ချောင်း​များ​ဖြင့်​ဖြို​ချ ကြ​လိမ့်​မည်။-

10 သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-

11 သူ​တို့​၏​မြင်း​စီး​သူ​ရဲ​များ​သည်​သင်​၏ လမ်း​များ​ကို​ဖြတ်​ကျော်​ကာ​လူ​တို့​အား ဋ္ဌား​ဖြင့်​သတ်​ကြ​လိမ့်​မည်။ သင်​၏​ခိုင်​ခံ့ သော​ကျောက်​တိုင်​များ​သည်​မြေ​ပေါ်​သို့ ပြို​လဲ​ကြ​လိမ့်​မည်။-

12 ရန်​သူ​များ​သည်​သင်​၏​ဥစ္စာ​ဘဏ္ဍာ​နှင့်​ကုန် ပစ္စည်း​များ​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်။ အုတ် နံ​ရံ​များ​ကို​ဖြို​ချ​၍ သင်​၏​လှ​ပ​သော အိမ်​များ​ကို​ဖြို​ဖျက်​ကြ​လိမ့်​မည်။ သင်​တို့ ၏​ကျောက်​များ၊ သစ်​သား​များ​နှင့်​အိမ် အ​ပျက်​အ​စီး​များ​ကို​ပင်​လယ်​ထဲ​သို့ ပစ်​လိမ့်​မည်။-