ယေ​ဇ​ကျေ​လ 27:17-24 BCL

17 ယု​ဒ​ပြည်​နှင့်​ဣသ​ရေ​လ​ပြည်​တို့​က​သင်​၏ ကုန်​စည်​များ​ကို​မင်း​နစ်​မြို့​မှ​ဂျုံ​စ​ပါး၊ ပျား ရည်၊ သံ​လွင်​ဆီ၊ အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး ပေး​၍​ဝယ်​ယူ​ကြ​၏။-

18-19 ဒ​မာ​သက်​မြို့​က​သင့်​ကုန်​စည်​များ​နှင့်​သင် ထုတ်​လုပ်​သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဝယ်​ယူ​ကာ ဥ​ဇ​လ​မြို့​အ​နီး​ရှိ​ဝေ​ဒန် မြို့​နှင့်​ယာ​ဝန်​မြို့​တို့​က​လည်း ပစ္စည်း​အ​သုံး အ​ဆောင်​များ​အ​တွက်​ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ စ​ဟာ​ရ​သိုး​မွေး​တို့​ဖြင့်​ပေး​ချေ​ကြ​၏။ သူ တို့​သည်​သံ​ကြွတ်၊ အ​မွှေး​အ​ကြိုင်​အ​မျိုး မျိုး​နှင့်​လည်း သင်​၏​ကုန်​စည်​များ​ကို​လဲ လှယ်​ကြ​၏။-

20 ဒေ​ဒန်​မြို့​သား​တို့​သည်​သင်​၏​ကုန်​စည် များ​ကို​မြင်း​ကုန်း​နှီး​အ​ခင်း​များ​နှင့် လဲ​လှယ်​ကြ​၏။-

21 အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-

22 ရှေ​ဘ​နှင့်​ရာ​ဂ​မ​မြို့​များ​မှ​ကုန်​သည်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​များ၊ ကျောက်​မျက်​ရ​တ​နာ များ​နှင့်​ရွှေ​တို့​ဖြင့်​ဝယ်​ယူ​ကြ​၏။-

23 ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-

24 သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။-