ယေ​ဇ​ကျေ​လ 27:20-26 BCL

20 ဒေ​ဒန်​မြို့​သား​တို့​သည်​သင်​၏​ကုန်​စည် များ​ကို​မြင်း​ကုန်း​နှီး​အ​ခင်း​များ​နှင့် လဲ​လှယ်​ကြ​၏။-

21 အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-

22 ရှေ​ဘ​နှင့်​ရာ​ဂ​မ​မြို့​များ​မှ​ကုန်​သည်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​များ၊ ကျောက်​မျက်​ရ​တ​နာ များ​နှင့်​ရွှေ​တို့​ဖြင့်​ဝယ်​ယူ​ကြ​၏။-

23 ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-

24 သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။-

25 သင်​၏​ထံ​မှ​ကုန်​စည်​များ​ကို​အ​ကြီး​မား ဆုံး​ကုန်​သင်္ဘော​ကြီး​များ​ဖြင့်​သယ်​ဆောင် သွား​ကြ​၏။``သင်​သည်​လေး​လံ​သော​ကုန်​စည်​များ​ကိုတင်​ဆောင်​ကာ​ပင်​လယ်​ထဲ​သို့​ရောက်​နေ​သော သင်္ဘော​နှင့်​တူ​၏။

26 သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။