ယေ​ဇ​ကျေ​လ 27:23-29 BCL

23 ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-

24 သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။-

25 သင်​၏​ထံ​မှ​ကုန်​စည်​များ​ကို​အ​ကြီး​မား ဆုံး​ကုန်​သင်္ဘော​ကြီး​များ​ဖြင့်​သယ်​ဆောင် သွား​ကြ​၏။``သင်​သည်​လေး​လံ​သော​ကုန်​စည်​များ​ကိုတင်​ဆောင်​ကာ​ပင်​လယ်​ထဲ​သို့​ရောက်​နေ​သော သင်္ဘော​နှင့်​တူ​၏။

26 သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။

27 သင်​ချမ်း​သာ​သ​မျှ​ကုန်​စည်​များ၊သင်​၏​သင်္ဘော​သား​အား​လုံး၊သင်္ဘော​ပြု​ပြင်​သူ လက်​သ​မား​ဆ​ရာ​များ​နှင့်​ကုန်​သည်​များ၊သင်္ဘော​ပေါ်​ရှိ​စစ်​သူ​ရဲ​များ​နှင့်​ရှိ​ရှိ​သ​မျှ သော လူ​တို့​သည်သင်​၏​သင်္ဘော​ပျက်​သော​အ​ခါ​ပင်​လယ်​ထဲ တွင် နစ်​မြုပ်​သေ​ဆုံး​ကြ​ကုန်​၏။

28 ရေ​နစ်​သေ​ဆုံး​ကြ​သည့်​သင်္ဘော​သား​တို့ဟစ်​အော်​သံ​သည်​ကမ်း​ခြေ​တွင်​ပဲ့​တင်​ထပ် ၍​သွား​၏။

29 ``သင်္ဘော​သား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏သင်္ဘော​များ​ကို​စွန့်​ကာ​ကုန်း​ပေါ်​သို့​တက်​ကြ လေ​ပြီ။