ယေ​ဇ​ကျေ​လ 27:31-36 BCL

31 သူ​တို့​သည်​သင်​၏​အ​ဖြစ်​ကို​မြင်​၍ဦး​ခေါင်း​များ​ကို​ရိတ်​ကာ​ဝမ်း​နည်း​ပူ​ဆွေး သည့် လက္ခ​ဏာ​ဖြင့်​လျှော်​တေ​ကို​ဝတ်​ကြ​၏။သူ​တို့​သည်​ဝမ်း​နည်း​ပက်​လက်​ဟစ်​အော် ငို​ကြွေး​ကြ​၏။သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​လျက်​သင်​နှင့် ဆိုင်​သော ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။

32 `ယ​ခု​အ​ခါ​ပင်​လယ်​ထဲ​၌​ဆိတ်​ငြိမ်​၍ နေ​သော တု​ရု​မြို့​နှင့်​အ​ဘယ်​မြို့​ကို​နှိုင်း​ယှဉ်​နိုင်​ပါ မည်​နည်း။

33 သင်​သည်​မိ​မိ​၏​ကုန်​စည်​များ​ကို​နိုင်​ငံ​ခြား​သို့ တင်​ပို့​ရောင်း​ချ​ရာ​တွင်လူ​မျိုး​တ​ကာ​တို့​လို​နေ​သော​အ​ရာ​များ​ကို ဖြည့်​ဆည်း​ပေး​၏။သင်​၏​များ​ပြား​သော​ကုန်​ပစ္စည်း​များ​က​ဘု​ရင် တို့​ကို ချမ်း​သာ​ကြွယ်​ဝ​စေ​လေ​သည်။

34 ယ​ခု​မှာ​သင်​သည်​ပင်​လယ်​တွင်​ပျက်​ကာ သ​မုဒ္ဒ​ရာ​နက်​ထဲ​သို့​နစ်​မြုပ်​သွား​လေ​ပြီ။သင်​၏​ကုန်​စည်​များ​နှင့်​သင်​၏​လုပ်​သား အ​ပေါင်း​တို့​သည်၊သင်​နှင့်​အ​တူ​ပင်​လယ်​တွင်​ပျောက်​ကွယ်​သွား ကြ လေ​ကုန်​ပြီ' ဟု​ငို​ချင်း​ကို​ဆို​ကြ​၏။

35 ``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-

36 သင်​သည်​ဆုံး​ပါး​သွား​လေ​ပြီ။ ထာ​ဝစဉ်​ဆုံး ပါး​သွား​လေ​ပြီ။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ကုန် သည်​တို့​သည် သင့်​ကို​ကဲ့​ရဲ့​ဟစ်​ကျွေး​ကြ လိမ့်​မည်'' ဟူ​၍​တည်း။