12 ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13 အရှင်ထာဝရဘုရားက``အနှစ်လေးဆယ် ကြာသောအခါ အီဂျစ်ပြည်သားတို့အား ငါပျံ့နှံ့စေရာအရပ်များမှပြန်လည် ခေါ်ဆောင်ကာ၊-
14 သူတို့၏မူရင်းဌာနေဖြစ်သောအီဂျစ် ပြည်တောင်ပိုင်းတွင်နေထိုင်စေမည်။ သူတို့ ၏နိုင်ငံသည်သိမ်ငယ်သောနိုင်ငံဖြစ်လိမ့် မည်။-
15 နိုင်ငံတကာတွင်အသိမ်ငယ်ဆုံးဖြစ်၍ အခြားနိုင်ငံများကို အဘယ်အခါ၌မျှ အုပ်စိုးရလိမ့်မည်မဟုတ်။ ငါသည်သူတို့ အားအလွန်သိမ်ဖျင်းစေမည်ဖြစ်၍ သူတို့ သည်အဘယ်လူမျိုးအပေါ်တွင်မျှသြ ဇာအာဏာလွှမ်းမိုးနိုင်ကြလိမ့်မည်မ ဟုတ်။-
16 ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
17 ငါတို့ပြည်နှင်ဒဏ်ခံသောနှစ်ဆယ့်ခုနစ် နှစ်မြောက်ပထမလ၊ လဆန်းတစ်ရက်နေ့ ၌ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
18 ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာသည်တုရုမြို့ကို တိုက်ခိုက်ခဲ့၏။ သူသည်မိမိ၏စစ်သူရဲ တို့အားအလွန်လေးလံသောဝန်တို့ကို ထမ်းစေသည်ဖြစ်၍ သူတို့၏ခေါင်းပြောင် ၍ပခုံးများသည်လည်းပေါက်ပြဲကုန်၏။ ယင်းသို့ဒုက္ခခံသော်လည်းစစ်သူရဲနှင့် ဘုရင်သည်အဘယ်အကျိုးကိုမျှ မခံစားရကြ။-