ယေ​ဇ​ကျေ​လ 3:1-4 BCL

1 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​စာ​လိပ်​ကို စား​လော့။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍​ဟော​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။

2 သို့​ဖြစ်​၍​ငါ​သည်​ခံ​တွင်း​ကို​ဟ​လိုက်​ရာ ကိုယ်​တော်​သည် ငါ​စား​ရန်​အ​တွက်​စာ​လိပ် ကို​ပေး​တော်​မူ​၏။-

3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​သင့်​အား ငါ​ပေး​သည့်​စာ​လိပ်​ကို​ဝမ်း​ပြည့်​အောင်​စား လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ငါ​သည်​စား လိုက်​သော​အ​ခါ​ထို​စာ​လိပ်​သည်​ပျား​ရည် ကဲ့​သို့​ချို​၏။

4 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍ ငါ​မိန့် တော်​မူ​သ​မျှ​တို့​ကို​ဆင့်​ဆို​လော့။-