ယေ​ဇ​ကျေ​လ 30:21-26 BCL

21 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​အီ​ဂျစ် ဘု​ရင်​၏​လက်​ရုံး​ကို​ကျိုး​စေ​ပြီ။ အ​ရိုး​ပြန် ဆက်​ပြီး​လျှင်​ဋ္ဌား​ကို​တစ်​ဖန်​ကိုင်​နိုင်​လာ​စေ ရန်​ထို​လက်​ကို​အ​ဘယ်​သူ​မျှ​ကြပ်​စည်း​၍ အ​ဝတ်​ဖြင့်​ဆွဲ​ဆိုင်း​၍​မ​ပေး​ကြ။-

22 သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​အီ​ဂျစ်​ဘု​ရင် ၏​ရန်​သူ​ဖြစ်​၏။ သူ​၏​လက်​နှစ်​ဖက်​စ​လုံး ကို​ငါ​ချိုး​မည်။ ကျိုး​နေ​သော​လက်​နှင့်​မ ကျိုး​သေး​သော​လက်​ကို​ပါ​ချိုး​မည်။ ထို အ​ခါ​သူ​၏​လက်​မှ​ဋ္ဌား​သည်​ကျ​သွား လိမ့်​မည်။-

23 အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။-

24 ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ခွန်​အား ကြီး​မား​လာ​စေ​၍ သူ​၏​လက်​သို့​ငါ​၏​ဋ္ဌား ကို​ပေး​အပ်​မည်။ သို့​ရာ​တွင်​အီ​ဂျစ်​ဘု​ရင် ၏​လက်​ရုံး​တို့​ကို​မူ​ငါ​ချိုး​မည်။ သူ​သည် ညည်း​တွား​မြည်​တမ်း​လျက် မိ​မိ​ရန်​သူ​၏ ရှေ့​မှောက်​တွင်​သေ​ရ​လိမ့်​မည်။-

25 ငါ​သည်​သူ့​အား​အ​မှန်​ပင်​ချည့်​နဲ့​စေ​၍ ဗာ​ဗု​လုန်​မင်း​အား​သန်​မာ​စေ​မည်။ ငါ​၏ ဋ္ဌား​ကို​ဗာ​ဗု​လုန်​ဘု​ရင်​လက်​သို့​ပေး​အပ် ၍ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ဋ္ဌား​ဦး​ကို​လှည့် လိုက်​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-

26 ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။