18 ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
19 သူတို့အားဆင့်ဆိုရမည်မှာသင်တို့သည်သူတစ်ပါးထက်ပို၍ တင့်တယ်ကြသလော။လူသေတို့၏ကမ္ဘာသို့ဆင်း၍အရေဖျား လှီးမင်္ဂလာ မခံသူတို့နှင့်အတူအိပ်ကြလော့။
20 ``အီဂျစ်ပြည်သူတို့သည်စစ်ပွဲတွင်ကျဆုံး သူများနှင့်အတူ သေကြလိမ့်မည်။ အီဂျစ် ပြည်သူအပေါင်းတို့အားသုတ်သင်ပစ်၍ ဆွဲထုတ်သွားရန် ဋ္ဌားသည်အဆင်သင့်ရှိနေ၏။-
21 အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။''
22 ``အာရှုရိသည်မိမိစစ်သူရဲတို့၏သင်္ချိုင်း များခြံရံလျက်ထိုအရပ်တွင်ရှိ၏။ သူတို့ အားလုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများ ဖြစ်ကြ၏။-
23 သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
24 ``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-