ယေ​ဇ​ကျေ​လ 36:16-22 BCL

16 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

17 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​၌​နေ​ထိုင် ကြ​စဉ်​အ​ခါ​က သူ​တို့​သည်​အ​နေ​အ​ထိုင် အ​ကျင့်​အ​ကြံ​များ​အား​ဖြင့်​ထို​ပြည်​ကို ညစ်​ညမ်း​စေ​ခဲ့​ကြ​၏။ သူ​တို့​၏​အ​ကျင့် အ​ကြံ​သည်​အ​မျိုး​သ​မီး​တစ်​ယောက်​ဋ္ဌမ္မ တာ​ရာ​သီ​လာ​ချိန်​၌​ဘာ​သာ​ရေး​အ​ရ ညစ်​ညမ်း​သ​ကဲ့​သို့​ညစ်​ညမ်း​သည်​ဟု​ငါ မှတ်​တော်​မူ​သည်။-

18 သူ​တို့​သည်​လူ​သတ်​မှု​များ​ကူး​လွန်​၍​ရုပ်​တု များ​အား​ဖြင့် ထို​ပြည်​ကို​ညစ်​ညမ်း​စေ​သော ကြောင့်​ငါ​သည်​သူ​တို့​အား​ငါ​၏​အ​မျက် တော်​ဒဏ်​ကို​ခံ​စေ​ခဲ့​၏။-

19 သူ​တို့​နေ​ထိုင်​ကျင့်​ကြံ​သည့်​အ​တိုင်း​သူ​တို့ အား​ပြစ်​ဒဏ်​ချ​မှတ်​ကာ နိုင်​ငံ​တ​ကာ​သို့​ကွဲ လွင့်​စေ​၍​နိုင်​ငံ​ရပ်​ခြား​များ​သို့​ပျံ့​လွင့် စေ​ခဲ့​၏။-

20 သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။-

21 သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။

22 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။-