ယေ​ဇ​ကျေ​လ 36:20-26 BCL

20 သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။-

21 သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။

22 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။-

23 လူ​တို့​ရှေ့​တွင်​သင်​တို့​အ​သ​ရေ​ဖျက်​ခဲ့​သော ငါ​၏​ကြီး​မြတ်​သည့်​နာ​မ​တော်​သည် အ​ဘယ် မျှ​သန့်​ရှင်း​မြင့်​မြတ်​သည်​ကို​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​သ​မည်။ ထို​နာ​မ​တော်​သည် သင်​တို့​အ​သ​ရေ​ဖျက်​သည့် ငါ​၏​နာ​မ​တော် ဖြစ်​သည်။ သူ​တို့​ရှေ့​တွင်​ငါ​သည်​သန့်​ရှင်း​မြင့် မြတ်​တော်​မူ​ကြောင်း​သင်​တို့​အား​ဖြင့်​သိ စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-

24 ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-

25 ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-

26 ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။-