ယေ​ဇ​ကျေ​လ 38:13-20 BCL

13 ရှေ​ဘ​ပြည်​နှင့်​ဒေ​ဒန်​ပြည်​မှ​ပြည်​သား များ၊ တာ​ရှု​ပြည်​မြို့​များ​မှ​ကုန်​သည်​တို့ က`သင်​သည် ရွှေ​ငွေ​နှင့်​သိုး၊ နွား၊ ပစ္စည်း​ဥစ္စာ များ​ကို​လု​ယူ​ကာ​တိုက်​ရာ​ပါ​ပစ္စည်း​ရှိ သ​မျှ​တို့​ကို​ယူ​ဆောင်​သွား​ရန်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​စု​ရုံး​လာ​ပါ​သ​လော' ဟု သင့်​အား​မေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

14-15 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​ဂေါ​ဂ​ထံ​သို့​စေ​လွှတ်​တော်​မူ​၍``ငါ​၏ လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အေး​ချမ်း​စွာ​နေ​ထိုင်​လျက်​ရှိ​စဉ် သင်​သည် မိ​မိ​နေ​ထိုင်​ရာ​မြောက်​မျက်​နှာ​စွန်း​မှ​ချီ လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​ပါ​ဝင်​၍​အင် အား​ကြီး​မား​သော​မြင်း​စီး​သူ​ရဲ​တပ် အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​ကာ၊-

16 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မုန်​တိုင်း​သ​ဖွယ်​စစ်​ဆင်​တိုက်​ခိုက် လိမ့်​မည်။ အ​သင်​ဂေါ​ဂ​အ​ချိန်​ကျ​သော အ​ခါ​ငါ​၏​ပြည်​ကို​တိုက်​ခိုက်​စေ​ရန် သင့် အား​စေ​လွှတ်​မည်။ ဤ​နည်း​အား​ဖြင့်​ငါ သည်​အ​ဘယ်​သူ​ဖြစ်​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​သိ​ရှိ​စေ​လိမ့်​မည်။ သင့်​ကို​ငါ​ပြု စေ​သော​အ​မှု​များ​အား​ဖြင့်​လည်း ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ပေါ်​လွင်​စေ​လိမ့်​မည်။-

17 နောင်​အ​ခါ​၌​ငါ​သည်​ဣ​သ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန်​အ​တွက်​လူ​တစ်​ဦး​ကို​စေ လွှတ်​မည်​ဟု​လွန်​လေ​ပြီး​သော​အ​ခါ​က ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်​ငါ​မြွက်​ကြား​ရာ ၌​သင့်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ကြောင်း​ဂေါ​ဂ အား​ပြော​ကြား​လော့၊ ထို​အ​ချိန်​က​ပ​ရော ဖက်​များ​က ငါ​သည်​သင့်​ကို​သူ​တို့​အား တိုက်​ခိုက်​စေ​မည်​ဟု​နှစ်​ပေါင်း​ကြာ​ရှည်​စွာ ဟော​ပြော​ခဲ့​သည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​ထာ​ဝရ​ဘု​ရား​သ​ခင်​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည် ကို​ဂေါ​ဂ​ချင်း​နင်း​ဝင်​ရောက်​သော​နေ့​၌​ငါ သည်​အ​မျက်​ဒေါ​သ​ချောင်း​ချောင်း​ထွက် လိမ့်​မည်။-

19 ငါ​၏​အ​မျက်​တော်​မီး​အ​ရှိန်​ကြောင့်​ထို​နေ့​၌ ဣ​သ​ရေ​လ​ပြည်​တွင်​မြေ​င​လျင်​ပြင်း​စွာ လှုပ်​လိမ့်​မည်​ဖြစ်​ကြောင်း​ငါ​မိန့်​ဆို​၏။-

20 ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။-