ယေ​ဇ​ကျေ​လ 39:11-17 BCL

11 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​အ​ပေါင်း ဖြစ်​ပျက်​လာ​သော​အ​ခါ​ဂေါ​ဂ​အား ဣသ​ရေ​လ ပြည်​ပင်​လယ်​သေ​အ​ရှေ့​ဘက်​တွင်​ရှိ​သော ခ​ရီး​သည် ချိုင့်​ဝှမ်း​တွင်​သင်္ချိုင်း​မြေ​ယာ တစ်​ကွက်​ကို​ငါ​ပေး​မည်။ ထို​အ​ရပ်​တွင် ဂေါ​ဂ​နှင့်​သူ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို မြှုပ်​နှံ​ရ​သ​ဖြင့် ခ​ရီး​သွား​ရန်​လမ်း​ပိတ် နေ​လိမ့်​မည်။ သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည် ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​ဟု​နာ​မည် တွင်​လိမ့်​မည်။-

12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြည်​ရွာ သန့်​ရှင်း​မှု​အ​တွက် လူ​သေ​အ​လောင်း​များ ကို​ခု​နစ်​လ​ပတ်​လုံး​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-

13 ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်​ကူ​ညီ ၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည် ငါ​၏​ဘုန်း​တော်​ထင်​ရှား​သည့်​နေ့​၌ ဂုဏ်​ပြု ချီး​မြှင့်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-

14 ခု​နစ်​လ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ ကြွင်း​ကျန်​နေ​သေး သော​လူ​သေ​အ​လောင်း​များ​ကို​ရှာ​ဖွေ​သင်္ဂြိုဟ် စေ​ရန်​အ​တွက် လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား ကြ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​ပြည်​ရွာ​ကို စင်​ကြယ်​စေ​ကြ​လိမ့်​မည်။-

15 ထို​သူ​တို့​သည်​ပြည်​ရွာ​ကို​အ​စုန်​အ​ဆန် သွား​လာ​လျက်​လူ​ရိုး​များ​ကို​တွေ့​ရှိ​သည့် အ​ခါ​တိုင်း ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​တွင် မြှုပ်​နှံ​မည့်​သူ​များ​ရောက်​ရှိ​လာ​ချိန်​တိုင် အောင်​မှတ်​တိုင်​များ​ကို​စိုက်​ထား​ကြ​လိမ့် မည်။-

16 (ထို​ချိုင့်​ဝှမ်း​အ​နီး​တွင်​တပ်​မ​တော်​နာ​မည် ကို​ယူ​၍​မှည့်​ခေါ်​ထား​သည့်​မြို့​ရှိ​သ​တည်း။) သို့​ဖြစ်​၍​ပြည်​ရွာ​ပြန်​လည်​စင်​ကြယ်​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-