ယေ​ဇ​ကျေ​လ 40:6-13 BCL

6 ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-

7 တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-

8-9 ထို​လူ​သည်​ဤ​အ​ခန်း​ကြီး​ကို​တိုင်း​တာ​ကြည့်​ရာ​အ​နံ​တစ်​ဆယ့်​သုံး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ ထို​အ​ခန်း​၏​အ​စွန်​ဆုံး​နံ​ရံ​များ​သည်​ထု​သုံး​ပေ​စီ​ရှိ​၏။-

10 (မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)

11 ထို​နောက်​သူ​သည်​ကြား​လမ်း​၏​အ​နံ​ကို​တိုင်း​ကြည့်​ရာ စု​စု​ပေါင်း​နှစ်​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ မုခ်​ပေါက်​လမ်း​တစ်​လျှောက်​လုံး​ကား​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-

12 အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-)

13 ထို​နောက်​ထို​လူ​သည်​အ​ခန်း​ငယ်​တစ်​ခု​၏​နောက်​ဘက်​နံ​ရံ​မှ​မုခ်​ပေါက်​လမ်း​ကို​ဖြတ်​၍ အ​စွန်း​အ​ခန်း​ငယ်​နောက်​ဘက်​နံ​ရံ​အ​ထိ​တိုင်း​တာ​ရာ​လေး​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-