ယေ​ဇ​ကျေ​လ 41:7-16 BCL

7 သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-

8-11 ငါ​သည်​ဗိ​မာန်​တော်​ပတ်​လည်​တွင်​လှေ​ကား ထစ်​မြေ​ပြန့်​ရှိ​သည်​ကို​တွေ့​မြင်​ရ​၏။ ယင်း သည်​ပတ်​ဝန်း​ကျင်​မြေ​ရာ​ထက်​ဆယ်​ပေ ပို​၍​မြင့်​ပြီး​လျှင် ဗိ​မာန်​တော်​နံ​ရံ​တွင် ဆောက်​လုပ်​ထား​သည့်​အ​ခန်း​များ​၏​အုတ် မြစ်​နှင့်​တ​ပြေး​တည်း​ဖြစ်​၍​နေ​လေ​သည်။ ထို​အ​ခန်း​များ​၏​အ​ပြင်​နံ​ရံ​သည်​ရှစ်​ပေ ထူ​၏။ လှေ​ကား​ထစ်​မြေ​ပြန့်​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ခန်း​များ​စပ်​ကြား​ဗိ​မာန် တော်​ပတ်​လည်​တွင်​သုံး​ဆယ့်​လေး​ပေ ကျယ်​သော​မြေ​လွတ်​ရှိ​၏။ ဗိ​မာန်​တော်​၏ မြောက်​ဘက်​၌​ရှိ​အ​ခန်း​များ​သို့​ဝင်​ရန် တံ​ခါး​တစ်​ပေါက်၊ တောင်​ဘက်​၌​ရှိ​သော အ​ခန်း​များ​သို့​ဝင်​ရန်​တံ​ခါး​တစ်​ပေါက် ရှိ​၏။ ဗိ​မာန်​တော်​ပတ်​လည်​၌​ရှိ​သော လှေ​ကား​ထစ်​မြေ​ပြန့်​သည်​အ​နံ​ရှစ် ပေ​ရှိ​သ​တည်း။

12 ဗိ​မာန်​တော်​အ​နောက်​ဘက်​မြေ​လွတ်​အ​စွန်း တွင်​အ​ဆောက်​အ​အုံ​တစ်​ခု​ရှိ​၏။ ယင်း သည်​အလျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ တစ်​ရာ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ထို​အ​ဆောက် အ​အုံ​၏​နံ​ရံ​တစ်​လျှောက်​လုံး​သည်​ထု ရှစ်​ပေ​ရှိ​၏။

13 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။ ယင်း​သည်​အ​လျား​ပေ​တစ် ရာ​ခု​နစ်​ဆယ်​ရှိ​၏။ ဗိ​မာန်​တော်​ကျော​ဘက် မှ​နေ​၍​မြေ​လွတ်​ကို​ဖြတ်​ကာ​အ​နောက် ဘက်​ဗိ​မာန်​တော်​အ​စွန်း​ဆုံး​အ​ပိုင်း​အ​ထိ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​၏။-

14 ဝဲ​ယာ​မှ​မြေ​လွတ်​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် မျက်​နှာ​စာ​ကို​ဖြတ်​၍​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​လေ​သည်။-

15 ထို​လူ​သည်​ဝဲ​ယာ​ရှိ​စင်္ကြံ​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ကို​တိုင်း​တာ ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို တွေ့​ရ​၏။ဗိ​မာန်​တော်​မုခ်​ဦး​ခန်း၊ ခန်း​မ​ဆောင်​ကြီး​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​၏​နံ​ရံ များ​ကို၊-

16 ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-